၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Monday, October 10, 2011

ရနံ့ချင်းပြိုင် မညီနိုင်


ကမ္ဘာ့ဆရာများ နေ့ရက်အတွင်းမှာပဲ ဗြိတိန် အဖွဲ့အစည်းက ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည် ကလေး
တွေ ဖွံ့ဖြိုးမှုအတွက် ကူညီမှုတွေကို ကျေးဇူးတင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

“ဒီကလေးငယ်တွေက တကယ်အကူအညီ လိုအပ်နေတဲ့သူတွေပါ။ သူတို့တွေက ဒို့ပိုင်တဲ့မြေလို့ ကြွေးကြော်
နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ နိုင်ငံမဲ့နေကြတဲ့ သူတွေပါ”တဲ့။ ဒီစကားရဲ့ လေးနက်မှုက အင်မတန်မှ ကြီးမား ကျယ်ပြန့်လှပါတယ်။ ကျမတို့ သားသမီးတွေကိုယ်တိုင် နိုင်ငံမဲ့နေကြတာကိုး။

ကျမတို့ ဒုက္ခသည်စခန်းမှာ ဆရာများနေ့ ကျင်းပသွားပါတယ်။ ဒီပွဲဖြစ်မြောက်ဖို့အတွက် NGO အဖွဲ့စည်းတွေက ကျင်းပပေးခဲ့တာပါ။ ဒုက္ခသည်စခန်းတွင်းက ကျောင်းဆရာ၊ ဆရာမတွေကို ပူဇော်ကန်တော့ကြတဲ့ ပွဲလည်းဖြစ်
ပါတယ်။ စခန်းရုံးထဲမှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဆရာ၊ဆရာမတွေကို သတ်မှတ်ထားတဲ့ ကုလားထိုင်တွေ
မှာ တန်းစီထိုင်ခိုင်းထားကြပါတယ်။ ဆရာ၊ဆရာမ တဦးချင်းရှေ့မှာ အဖြူ၊အပြာဝတ် ကျောင်းသားလူငယ်လေးတွေ ပန်းကုံးအဝါလေးတွေကိုင်ပြီး မတ်တတ်ရပ်နေကြတယ်။ ကရင်အမျိုးသားဝတ်စုံ ဝတ်ထားတဲ့ ကျောင်းသားလေး က အော်ဂင် စတင်တီးခတ်လိုက်ပါတယ်။ သာယာနာပျော်ဖွယ် ဂီတသံအဆုံးမှာ ကျောင်းသားလေးတွေ တပြိုင်နက် ဒူးညွှတ်ပြီး ဆရာ၊ဆရာမတွေကို ပန်းကုံးစွပ်ပေးလိုက်ကြတယ်။

လက်ဆောင်ပစ္စည်း ပေးတဲ့အခါမှာတော့ ကျောင်းသူလေးတွေ နေရာယူလိုက်ကြတယ်။ အရင်လိုပဲ ဆရာ၊ ဆရာမ
ရှေ့ထိုင်ပြီး လက်ဆောင်ပစ္စည်း ထုပ်ကိုင်ပြီး နေရာယူထားကြတယ်။ ဆရာတဦးက လက်ဆောင်ထုပ်ကို ကိုင်လိုက်
တော့ ကျောင်းသူလေးက နောက်တွန့်ပြီး ခေါင်းခါပြတယ်။ ရိုးသားတဲ့ ကလေးငယ်ရဲ့ မျက်ဝန်းမှာ ကြောက်စိတ်တော့ မရှိဘူး။ အားနာစိတ်ပဲရှိတယ်။ ဒီမြင်ကွင်းကိုမြင်ပြီး သဘောကျလို့ ပရိသတ်တွေ ရယ်လိုက်ကြတာ ပတ်တုတ်လို့ မရတော့ဘူး။ အော်ဂင်ရဲ့ တီးလုံးသံဆုံးမှ လက်ထဲကလက်ဆောင်ထုပ်ကို ဆရာ့လက်ထဲထည့်ပေးပြီး
ကျောင်းသူလေး လူအုပ်ကြားထဲ ပြေးသွားတယ်။ ချစ်စဖွယ်ကောင်းတဲ့ ဒီမြင်ကွင်းက ကျမတို့ကို ကြည်နူးမှု ဖြစ်စေ ပါတယ်။

ဒုက္ခသည်စခန်းထဲမှာ ကျောင်းတက်ချိန်မနက်ပိုင်းဆိုရင်
ဒုက္ခသည် စခန်းထဲမှာ ကျောင်းတက်ချိန် မနက်ပိုင်းဆိုရင် နေ့စဉ်ကြားနေရတာက
ကျောင်းယူနီဖောင်း ပြဿနာပါ။ အိမ်ရှင် ထိုင်းနိုင်ငံရဲ့ ကျောင်းတွေအတိုင်း အပေါ် အင်္ကျီအဖြူ၊ အောက်က ဘောင်းဘီ၊ စကပ်
အပြာ ဝတ်ရမယ်လို့ စခန်းက ထုတ်ပြန်ထား
ပါတယ်။ ဒီမှာတင် ဒုက္ခသည် ကလေးတွေရော မိဘတွေပါ အခက်ကြုံရပြီ။ မိဘက ရှိတာနဲ့ ဝတ်သွားခိုင်းတယ်။ ကလေးက ကျောင်းမသွား ရဲတော့ဘူး။ ဒီတော့မိဘက “နင်ခုထိ ကျောင်း မသွားသေးဘူးလား။ ဘာပေကပ်ကပ် လုပ်
နေတာလဲ” ဆိုတဲ့အသံနောက်မှာ ကျောပြင်ကို
 ဗြောတင်တော့တယ်။
နေ့စဉ် ကြားနေရတာက ကျောင်းယူနီဖောင်း ပြဿနာပါ။
အိမ်ရှင် ထိုင်းနိုင်ငံရဲ့ ကျောင်းတွေအတိုင်း အပေါ်အင်္ကျီ
အဖြူ၊ အောက်က ဘောင်းဘီ၊ စကပ်အပြာ ဝတ်ရမယ်လို့
စခန်းက ထုတ်ပြန်ထားပါတယ်။ ဒီမှာတင် ဒုက္ခသည် ကလေးတွေရော မိဘတွေပါအခက်ကြုံရပြီ။ မိဘကရှိတာ
နဲ့ ဝတ်သွားခိုင်းတယ်။ ကလေးက ကျောင်းမသွားရဲတော့
ဘူး။ ဒီတော့မိဘက “နင်ခုထိ ကျောင်းမသွားသေးဘူးလား။ ဘာပေကပ်ကပ် လုပ်နေတာလဲ” ဆိုတဲ့ အသံနောက်မှာ
ကျောပြင်ကို ဗြောတင်တော့တယ်။

ဒီမှာတင် ကလေးကသူ့ရင်တွင်း ခံစားချက်ကို ငိုသံကြားက ထုတ်ဖော်ပြတော့တယ်။ “အဖြူအပြာ မဝတ်ရင်ကျောင်း စည်းကမ်းကို မလိုက်နာဘူးဆိုပြီး ဆရာမကရိုက်မှာ အမေရဲ့ သမီးမသွားရဲဘူး”လို့ ပြောပါတော့တယ်။ ဒီအသံကိုကြားရတဲ့ ဒုက္ခသည် အိမ်နီးချင်းတွေ  ကလေးမိဘကို ဝိုင်းဝန်းအကြံ
ပေးကြတယ်။

အဖြူဖြစ် ပြီးရော၊ အပြာဖြစ်ပြီး ရောတော်ဖို့မလိုဘူး။ ကြည့်ကောင်းဖို့ မလိုဘူး။ စည်းကမ်းနဲ့ ဘောင်ဝင်ဖို့ အဓိက ပဲဖြစ်ပြီး နှစ်တန်းကျောင်းသူကို အဖြူရင်ဖုံး လူကြီးအင်္ကျီဝတ်ပေးတယ်။ လုံချည်အပြာကို ကတ်ကြေးနဲ့ကိုက် ခါးနေရာကို လက်ချုပ်လိုက်ပြီး ပီနံကြိုးနဲ့ ချည်ပေးလိုက်တယ်။ ကလေးကတော့ သူနဲ့လိုက်မလိုက် စဉ်းစားမိမယ် မထင်ဘူး။ သူ့မိခင်နဲ့ ပတ်ဝန်းကျင်က ဆင်ပေးလိုက်တဲ့အတိုင်း သွားရရှာတယ်။

ထိုင်းနိုင်ငံက စာသင်ကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ကလေးငယ်တွေကိုမြင်ရတော့ ကျမတို့ လူကြီးတွေ
တောင် အားကျစိတ်နဲ့ အမြဲငေးကြည့်နေရတာပါ။ ထိုင်းစာသင်ကျောင်းတွေမှာ စာသင်နေရတဲ့ ကလေးတွေမှာ
ကျောင်းယူနီဖောင်း အဖြူအပြာက စမတ်ကျကျ အင်္ကျီအဖြူက ကြွေရောင်တောက်လို့ မီးပူခေါက်ရိုးကျ၊ စကပ်အပြာ၊
ဘောင်းဘီအပြာက စတိုင်ကျကျ၊ ခြေအိတ်အဖြူ ရူးဖိနပ်အနက်နဲ့။ ကျောပိုးအိတ် ရောင်စုံ လှလှလေးတွေ ကျောမှာပိုး လို့။ ကျောင်းရောက်တော့လည်း စားစရာက အဆင်သင့် ကျောင်းဖွင့်ဖြိုးရေး အစီအစဉ်နဲ့ ကျောင်းသား ကျောင်းသူ
တွေကို နို့တိုက်ပါတယ်။ ဒီနို့ဗူးက ခွန်အားကြီးပြီး ဉာဏ်ရည်ထက်တဲ့နို့ဗူးပါ။ ဒါကြောင့် ထိုင်းကျောင်းသားလေး
တွေကို မြင်လိုက်ရင် သွက်လက်ဖြတ်လတ် ရွှင်လန်းလို့ နေပါတယ်။

ထိုင်းစာသင်ကျောင်းတွေမှာ စာသင်နေရ
တဲ့ ကလေးတွေမှာ ကျောင်းယူနီဖောင်း
အျဖဴအျပာက စမတ္က်က် အက်ႌအျဖဴက
ကြွေရောင်တောက်လို့ မီးပူခေါက်ရိုးကျ၊ စကပ်အပြာ၊ဘောင်းဘီအပြာက စတိုင်
ကျကျ၊ ခြေအိတ်အဖြူ ရူးဖိနပ်အနက်နဲ့။
ကျောပိုးအိတ် ရောင်စုံလှလှလေးတွေ
ကျောမှာပိုးလို့။
လပြည့်လကွယ်ဆို ကျောင်းယူနီဖောင်း ပြောင်းသွားတယ်။ အပေါ်မှာအဖြူ၊ အောက်မှာ အဖြူအရှည် ဝတ်ပြီး ကျောင်း
တက်ရပါတယ်။ သူတို့လေးတွေရဲ့ မျက်နှာဟာ ကျမတို့
မြန်မာကျောင်းသားကလေးငယ်တွေရဲ့ မျက်နှာနဲ့မတူဘူး။ ကလေးဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းရတဲ့အတွက် စိုးရိမ်ပူပန်မှုမရှိဘူး။ စာသင်ခန်းထဲမှာနေရမယ့်အရွယ် လုပ်ငန်းခွင်ထဲ ကလေးအလုပ်သမားအဖြစ် အလုပ်လုပ်ရဖို့ မလိုအောင် သူတို့နိုင်ငံရဲ့စနစ်က သိပ်ကောင်းတယ်။

ထိုင်းနိုင်ငံရဲ့ အစွန်အဖျား တောတောင်ထဲက ကျေးလက်
တွေမှာတောင် စာသင်ကျောင်းတွေ ကြီးကြီးမားမား ရှိတယ်။ အားကစားကွင်းတွေ ရှိတယ်။ အားကစားကွင်းထဲမှာ ကလေးတွေဆော့ကစားနိုင်ဖို့ ကလေးကစားစရာ ပစ္စည်းအပြည့်အစုံ ထားပေးထားတယ်။ ဒီမြင်ကွင်းကို ဒုက္ခသည် စခန်းနဲ့ သိပ်မဝေးတဲ့ ရွာတွေမှာတောင် တွေ့မြင် နေရတာပါ။ ဒီတော့ ဒုက္ခသည် ကျောင်းသား ကလေးငယ်တွေက အဲဒီလိုမျိုး ကျောင်းတွေမှာ တက်ချင်ကြတယ်။ မိခင်၊ ဖခင်တွေကို ပူဆာကြတယ်။ ဘဝအခြေအနေက ခွင့်မပြုဘူး
လို့ ကလေးငယ်တွေသိအောင် ဒုက္ခသည် မိဘကလည်း သူတို့ တတ်နိုင်သလောက် ရှင်းပြကြတယ်။ ကျောင်းသား အရွယ်ချင်း တူပေမယ့် ဘဝတွေမတူကြပါဘူး။ ပန်းချင်းတူဦး ရနံ့တွေ မတူနိုင်ကြပါဘူး။

ကျမတို့ ဒုက္ခသည်စခန်းမှာ ဘဝစုံ၊ လူစုံရှိကြပါတယ်။ ABSDF ကျောင်းသား တပ်မတော်ရဲ့ ဘော်ဟောင်းတွေ၊
နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း ရှိကြတယ်။ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုတော်လှန်ရေးသမား
နိုင်ငံရေးသမားဆိုတဲ့ စိတ်ဓါတ်နဲ့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖြေရှင်းနေပေမယ့် အားလုံးကတော့ ဒုက္ခသည်
လို့ပဲ သတ်မှတ်ထားကြတယ်။ ဒါပေမယ့် သူတို့တွေးပုံခေါ်ပုံ လောကကိုရှုမြင်ပုံတွေကတော့ သူများထက် ထူးခြား
တယ်။

ဒါနဲ့အလှုခံပြီး နောက်ရက်မှာ ဘုရားဂေါပက လူကြီးတွေက မြို့မိမြို့ဖတွေခေါ်ပြီး စာရင်း ရှင်းတမ်းထုတ်တယ်။ အလှူခံအတွက် တီးဝိုင်း ငှားတာ၊ မီးစက်ငှားတာ၊ ကားငှားတာ၊ အဆို
တော် ငှားတာတွေနှုတ်ပြီး အလှူခံရငွေစာရင်း ရှင်းလိုက်တော့ ကြွေးစာရင်း ထွက်လာတယ်။ ဘုရားကြီးထံမှရရန် _ _ _ _ _ တဲ့။ ဘုရားကြီး သူ့ဘာသာ ဒီအတိုင်းထား ကြွေးမတင်ဘူး”
ကျမတို့ အိမ်နီးချင်း ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ကိုဝင်းကိုက အနုပညာသမား တယောက်လည်း ဖြစ်ပါတယ်။ သူ့ဇနီးသည်က ကရင်အမျိုးသမီးတယောက်ပါ။ အင်မတန်မှ ရိုးသားလှသူတယောက်လည်း ဖြစ်ပါတယ်။ နာမည်က မခိုင်
တဲ့။ စကားပြောရင် သူ့ကိုယ်သူ “ခိုင်” ကလေ “ခိုင်”ကလေ
လို့ နာမည်ထည့် ပြောတတ် သူလည်း ဖြစ်တယ်။ သူတို့အိမ်နဲ့ ကျမတို့အိမ်က ခြေလှမ်းသုံးလှမ်း အကွာပဲရှိပါတယ်။ ဒါကြောင့် သူတို့အိမ်က စကားပြောရင် ကျမတို့အိမ်က အတိုင်းသား ကြားနေရတယ်။

ဒုက္ခသည် အလုပ်လက်မဲ့ အိမ်ထောင်ဦးစီးကို မိသားစုက မှီခိုနေရတဲ့အခါ မပြေလည်မှုတွေကို နှုတ်နဲ့ချေဖျက်တဲ့ အသံတွေကိုလည်း ကြားရတယ်။ တခါတရံတော့ စစ်ပြေးဒုက္ခသည် ဇနီးသည်မခိုင်ကို မြန်မာပြည်ရဲ့အကြောင်း လွမ်းလွမ်းဆွေးဆွေး ပြောပြနေသံကိုလည်း ကြားရတယ်။ သူ့ဇနီးသည်က ကရင်ပြည်နယ် ကျိုက်ဒုံရွာကလွဲလို့ ဘယ်မှရောက်ခဲ့ရဘူးသူ မဟုတ်ဘူး။ ခင်ပွန်းသည်ပြောပြတဲ့ မြန်မာပြည်အကြောင်းကို နားထောင်ပြီး “ဒါဆိုရင် ကျမတို့တိုင်းပြည်က ထိုင်းနိုင်ငံထက်တောင် ချမ်းသာတာပေါ့။ ကျမတို့တွေ ဘာ့ကြောင့်ဆင်းရဲရတာလဲ၊ ကျမတို့
တွေဘာ့ကြောင့် အခမဲ့ပညာသင်ခွင့် မရခဲ့တာလဲ”လို့ မေးခွန်းပြန်ထုတ်တယ်။ ကိုဝင်းကို ဘယ်လိုပြန်ဖြေမလဲလို့ ကျမလည်း သိချင်တယ်။

ကိုဝင်းကိုက သူ့ဒေသရဲ့ အဖြစ်အပျက်တခုနဲ့ယှဉ်ပြီး အခုလိုအဖြေပေးခဲ့ပါတယ်။

“ခိုင်သိအောင် အနီးစပ်ဆုံးရှင်းပြမယ်ကွာ။ အကိုတို့ ဇာတိမြေမှာ တမြို့လုံးကကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ကြီးကြီးရှိတယ်။ ဘိုးဘွားအဆက်ဆက် ကိုးကွယ်ခဲ့ကြတာ။ အကိုတို့ ကိုယ်တိုင်လည်း ကြည်ညိုတယ်။ ဒို့မြို့ရဲ့ ကျက်သရေဆောင်လို့လည်း ဂုဏ်ယူရတယ်။ တနေ့တော့ ဂေါပကလူကြီးတွေက ဘုရားကြီးကို ဒီ့ထက်ကြည်ညိုစိတ်
ဖြစ်အောင် ပြုပြင်မွမ်းမံမယ်လို့ ပြောကြတယ်။ ဒါကြောင့် တမြို့လုံးကို အလှူခံ ထွက်တယ်။ မြို့ခံတွေကလည်း တတ်နိုင်သလောက် သဒ္ဒါတရားနဲ့ ထည့်ဝင်ကြတာပေါ့။ ကိုယ့်ဒေသဘုရားကြီး ပိုပြီးကြည်ညိုဖွယ် ကောင်းဖို့ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒါနဲ့အလှုခံပြီး နောက်ရက်မှာ ဘုရားဂေါပက လူကြီးတွေက မြို့မိမြို့ဖတွေခေါ်ပြီး စာရင်းရှင်းတမ်း ထုတ်တယ်။ အလှူခံအတွက် တီးဝိုင်းငှားတာ၊ မီးစက်ငှားတာ၊ ကားငှားတာ၊ အဆိုတော်ငှားတာတွေနှုတ်ပြီး အလှူခံ ရငွေစာရင်း ရှင်းလိုက်တော့ ကြွေးစာရင်း ထွက်လာတယ်။ ဘုရားကြီးထံမှရရန် _ _ _ _ _ တဲ့။ ဘုရားကြီး သူ့ဘာသာ ဒီအတိုင်းထား ကြွေးမတင်ဘူး”

အဲဒီနေ့က ကိုဝင်းကိုစကားကို နားထောင်ပြီး ကျမတနေကုန် တွေးနေရတော့တာ။
 
Mizzima သတင်းမှရယူထားချင်းဖြစ်ပါတယ် ခင်ဗျာ။
                                                                                                                                         ပန်းတိုင်



 

No comments:

Post a Comment