၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Saturday, October 15, 2011

၂၀၀၈ အခြေခံ ဥပဒေအောက် ဆွဲမသွင်းဖို့ လူ့ဘောင်သစ် သတိပေး




 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် အတိုက်အခံ အဖွဲ့ အစည်းတွေကို ၂၀၀၈ အခြေခံ ဥပဒေဘောင်တွင်ုးသွတ်သွင်းဖို့  အစိုးရက ကြိုးစားနေတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်သစ်ပါတီ ကပြောဆိုပြီး အဲ့လို ဆောင်ရွက်ချက်တွေကို မပြုလုပ်သင့်ကြောင်း ဝေဖန်လိုက်သည်။

အောက်တိုဘာ ၁၄ ရက်သောကြာနေ့မှာ ကျရောက်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်သစ်ပါတီရဲ့ မွေးနေ့မှာထုပ်
 ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလိုဝေဖန်လိုက်တာဖြစ်ပါတယ်။
၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဆင်ပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းမှုဆိုတာ မဖြစ်နိုင်ဘူးလို့လည်း လူ့ဘောင်သစ်
 ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံဆွေးတာကို ကြိုဆိုပင်မဲ့ တဘက်သက်အကြပ်ကိုင် တောင်းဆိုမှု
တွေ လုပ်ရင် ဆွေးနွေးမှုရပ်တန့်ပြီး အစိုးဘက်ကို ရွေ့လျားသွားနိုင်တယ်လို့ ဆိုပါတယ်။
ညီညွတ်ရေးကို တည်ဆောက်ပြီး လူထုအားကို ရယူနိုင်ဖို့ အရေးကြီးတယ်လို့လည်း လူ့ဘောင်သစ် ဒီမိုကရက်သစ်ပါတီက ဆိုပါတယ်။


                                                                                                 ပန်းတိုင်

No comments:

Post a Comment