၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Saturday, October 29, 2011

ယခင်နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ

ယင်းမာပင် တင့်ကားထုတ်လုပ်ရေး စီမံကိန်း အကြောင်း တစေ့တစောင်း
မြန်မာ စစ်အာဏာရှင်များရဲ့ ကပစ(၂) ယင်းမာပင် တင့်ကားထုတ်လုပ်ရေး စီမံကိန်း အတွင်းမှ 
ထုတ်လုပ်ပြီး တင့်ကားများ.. 
အဆိုပါ တင့်ကားအတွင်း တပ်ဆင်ထားတဲ့ Equipment တွေကတော့ စက်သေနတ်များ၊ ရေဒါပဲ့ထိန်းစံနစ် ဒုံးကျည်များနဲ့ လေယာဉ်ပစ် အမြှောက်များအထိ ပါဝင်ပါတယ်...။

ဒီတစ်ပတ်မှာ တင်ပြပေးမှာကတော့ ယခုအရပ်သား အစိုးရတဖြစ်လဲ ယခင်နအဖရဲ့ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းတွေထဲက ယင်းမာပင် တင့်ကားစက်ရုံအကြောင်း တင်ပြပေးပါမယ်...။

ယင်းမာပင် တင့်ကားစက်ရုံဟာ သာစည် တောင်ကြီးကားလမ်းရဲ့ နာမည်ကျော် ယင်းမာပင် လမ်းခွဲက သွားရတဲ့ ယင်းမာပင်မြို့ အနီးမှာ ရှိပါတယ်...။ အဆိုပါနယ်မြေမှာ တင့်ကားပြင်ဆင်ရေး စက်ရုံနဲ့ တင့်ကား အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်တဲ့ အဆောက်အဦးများ အများအပြား ဆောက်လုပ်ထားပါတယ်...။ ကပစ(၂) လက်အောက်မှာ ရှိတဲ့ အဆိုပါ စီမံကိန်းများရဲ့ စက်ရုံများအား ယူကရိန်းနိုင်ငံနဲ့ ဖက်စပ် တည်ဆောက်နေတာ ဖြစ်ပါတယ်...။ စက်ရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းအထိုင်များအား ယူကရိန်းနိုင်ငံမှ လာရောက် တပ်ဆင်တည်ဆောက် ပေးထားတာလို့ ဆိုပါတယ်...။ 
  မြောက်ကိုရီယားထံမှ ဝယ်ယူထားတဲ့ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကားတစ်စီး
 အထက်ပါ ဓာတ်ပုံမှာ  မြောက်ကိုရီးယားနိုင်ငံမှ ဝယ်ယူထားတဲ့ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကား တစ်စီးဖြစ်ပါတယ်...။ အဆိုပါ ထရပ်ကားမှ ရန်သူလေယာဉ်အား ခေတ်မှီ ရေဒါနည်းစံနစ်ဖြင့် ပစ်မှတ်ရှာပြီး အော်တိုပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်...။ မြောက်ကိုရီးယားရဲ့ နည်းပညာဖြင့် ပြုလုပ်ထားတဲ့ အဆိုပါ...။ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကားမှ အစိတ်အပိုင်းများအား ပုံတူ ကော်ပီကူးချပြီး ယူကရိန်းနဲ့ ဖက်ဆစ် ပုံစံတူ ပြန်လည် ထုတ်လုပ်နေကြောင်း သိရှိရပါတယ်..။ အဆိုပါ ပုံစံတူ ကော်ပီကူးချ ပြုလုပ်နေမှုအား မြောက်ကိုရီယားမှ သိရှိခြင်း မရှိဘူးလို့ ဆိုပါတယ်...။ အဆိုပါ ဖျောက်ဆိပ်ပင် ရေဒါစခန်း၊ တင့်ကားစက်ရုံ စီမံကိန်းများရဲ့ တာဝန်ခံ ကတော့ ဗိုလ်ချုပ်သိန်းထိုက်ဖြစ်ပြီး ဒုထုတ်ချုပ်ကတော့ ဗိုလ်ချုပ်အောင်မျိုးမင်း ဖြစ်ပါတယ်...။
ယင်းမာပင် တင့်ကားစက်ရုံ အဆောက်အဦး အပြင်ပိုင်း မြင်ကွင်းတစ်ခု
အဆိုပါ တင့်ကားစက်ရုံ စီမံကိန်းဟာ အင်မတန် ကြီးမားတဲ့ စီမံကိန်းဖြစ်ပါတယ်...။ ဤကဲ့သို့သော စက်ရုံ ဂိုဒေါင်များနှင့် စက်ပစ္စည်း အစိတ်အပိုင်းထုတ် စက်ရုံ (၇၀)ထက်မနည်း တည်ဆောက်ထားတယ်လို့ ဆိုပါတယ်...။ အဆိုပါ ထုတ်လုပ်ပြီး တင့်ကားများအား ပြည်တွင်း၌ အသုံးပြုရန်နှင့် အာဖရိကမှ မငြိမ်မသက် ဖြစ်နေတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ဆိုမာလီ၊ ဆူဒန်စတဲ့ နိုင်ငံများသို့ လျှို့ဝှက် ရောင်းချရန် စီစဉ်လျှက် ရှိတယ်လို့ ဆိုပါတယ်...။ ကမ္ဘာ့ကုလသမဂ္ဂမှ မြောက်ကိုးရီးယားနိုင်ငံအား စစ်လက်နက် ရောင်းဝယ်ခြင်းအား ပိတ်ပင် တားမြစ်တဲ့ ဥပဒေများ ထုတ်ပြန်ထားလင့်ကစား မြန်မာနိုင်ငံတွင်းမှ စစ်အာဏာရှင်များနဲ့ စစ်လက်နက် ပစ္စည်းများ လျှို့ဝှက်ရောင်းချနေခြင်း၊ မြန်မာပြည်တွင်း၌ မြောက်ကိုရီးယား လက်နက်ပညာရှင်များ ခြေချင်းလိမ်အောင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ပူပေါင်း တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်နေခြင်းဟာ ကုလသမဂ္ဂမှ မြောက်ကိုရီးယားအပေါ် ပိတ်ပင်ထားတဲ့ ဥပဒေအား မြန်မာစစ်အာဏာရှင်များမှ မထီမဲ့မြင် ဗြောင်ချိုးဖောက်ရာ ရောက်နေပါတယ်..။ 
စက်ရုံအတွင်းမှ ထုတ်လုပ်ပြီး တင့်ကားများ...
အချုပ်အားဖြင့် ဆိုရသော် ယခင်နအဖ စစ်အာဏာရှင်များဟာ တိုင်းပြည်ရဲ့ နေရာအနှံအပြားမှာ  လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများအား ဆက်လက်လုပ်ကိုင် ဆောင်ရွက်ခဲ့ပါတယ်...။ အထက်ပါ လျှို့ဝှက် တည်ဆောက်ရေး စီမံကိန်းများအတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေများအား မည်မျှ ပမာဏအထိ သုံးစွဲတည်ဆောက် နေတယ်ဆိုတဲ့ အချက်ကိုတော့ အများပြည်သူ သိရှိရခြင်း မရှိသလို.. ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အတိုက်အခံ အမတ်မင်းများမှလည်း နိုင်ငံတကာနဲ့ အများသိရှိပြီးဖြစ်တဲ့ အဆိုပါ လျှို့ဝှက်စီမံကိန်းများနဲ့ ပတ်သက်ပြီး ကြားသိထားသမျှအား လွှတ်တော်အတွင်း၌ ယနေ့ထက်တိုင် မေးမြန်းဖော်ထုတ်ခြင်း မရှိသေးပါဘူး...။ နိုင်ငံတခုမှာ အင်မတန်မှ အရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ဘတ်ဂျက် ရာခိုင်နှုန်း အနည်းငယ်သာ  အသုံးပြုပြီး စစ်အသုံးစားရိတ်အား ရာခိုင်နှုန်းများစွာ အသုံးပြုနေခြင်းဟာလည်း စီးပွားရေးချွတ်ခြုံကျမှုရဲ့ ကြီးမားသော အကြောင်းရင်းတရပ် ဖြစ်ပါသည်...။ နအဖ တဖြစ်လဲ အရပ်သားအစိုးရဟာ ယနေ့ထက်တိုင် အဆိုပါ စီမံကိန်းများနှင့် စစ်ဘက်ဆိုင်ရာ စီမံကိန်း အများအပြားအား ဆက်လက် လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်လျှက်ရှိကြောင်း အများပြည်သူ သိရှိနိုင်စေရန် တင်ပြလိုက်ပါတယ်..။

ပြည်ချစ်၊ မျိုးချစ်စစ်သည်များအား အစဉ်လေးစား ဦးညွှတ်လျှက်....။
 
 
                                                                                                ပန်းတိုင်

No comments:

Post a Comment