၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Friday, October 14, 2011

နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးတဲ့ အပေါ် အမေရိကန် ကြိုဆို



အကျဉ်းထောင်က လွတ်လာသူတွေ
မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသား ၃ဝဝ လောက်ကို ပြန်လွှတ် ပေးခဲ့တဲ့အပေါ် အမေရိကန် အစိုးရက ကြိုဆို လိုက်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို တုန့်ပြန် လိုက်လျောတဲ့ အရေးကြီးတဲ့ ခြေလှမ်းတရပ် အဖြစ် ရှုမြင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Victoria Nuland က ဆိုပါတယ်။
ထောင်ထဲမှာ အများကြီး ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လွှတ် ပေးဖို့လည်း အမေရိကန် အစိုးရက တောင်းဆို လိုက်ပါတယ်။
ဘီဘီစီက ဆက်သွယ် မေးမြန်းနိုင်ခဲ့တဲ့ ထောင်က လွတ်လာသူ နိုင်ငံရေး အကျဉ်းသားတွေ ကတော့ အစိုးရဟာ လွတ်ရက်နီးနေသူ အများစုကို လွှတ်ပေးခဲ့တာ ဖြစ်ပြီး အမျိုးသား သင့်မြတ်ရေး အတွက် တကယ်လွှတ် ပေးဖို့ လိုနေသူတွေ ထောင်ထဲမှာ အများကြီး ကျန်နေသေးတယ်လို့ ဆိုပါတယ်။

                                                                        ပန်းတိုင်

No comments:

Post a Comment