၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Wednesday, November 2, 2011

အစိုးရနဲ့ KNUကြား ငြိမ်းချမ်းရေး ကမ်းလှမ်း


ငြိမ်းချမ်းရေး တံခါး အမြဲ ဖွင့်ထားတယ်လို့ KNU ဖက္ကေျပာ

သမ္မတ ဦးသိန်းစိန် အစိုးရက တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးဖို့ ကမ်းလှမ်းထားပြီးတဲ့ နောက် အခုရက်ပိုင်း အတွင်းမှာ KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးဖို့ အစိုးရဖက်ကနေ ကိုယ်စား လှယ်တွေ လွှတ်ပြီး ဆက်သွယ်မှုတွေ လုပ် လာနေပါတယ်။
အစိုးရ ဖက်က ပြည်နယ်အဆင့် ကိုယ်စားလှယ် တွေနဲ့ KNU ဖက်က အထွေထွေ အတွင်းရေး မှူး အပါအဝင် ကိုယ်စားလှယ်တွေ တရားဝင် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ KNU ဒုတိယ ဥက္ကဌ ဦးဒေးဗစ် တာကပေါ က ဘီဘီစီကို ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးမယ် ဆိုရင် တိုင်းရင်းသား အဖွဲ့တွေကို တိုက်ခိုက်နေတဲ့ စစ်ရေး လှုပ်ရှားမှုတွေ အားလုံးကို ရပ်ဆိုင်းပေးဖို့၊ တိုင်းရင်းသား အရေးကို နိုင်ငံရေးအရ ဆွေးနွေး ဖို့၊ ဖြစ်နိုင်ရင် နယ်တွေကို သတ်သတ်မှတ်မှတ် ခြားပေးတာမျိုး လုပ်ပေးဖို့ စတဲ့ ကြိုတင် သတ်မှတ်ချက်တွေကို KNU ဖက်က တောင်းဆိုခဲ့ပြီး အစိုးရ ကိုယ်စားလှယ်တွေ ဖက်က လည်း ဦးသိန်းစိန်ဟာ ရိုးသား ဖြောင့်မတ်သူတဦးဖြစ်ပြီး ဒီမိုကရေစီ တကယ်တမ်း လိုလား တဲ့ စိတ်ဆန္ဒရှိနေကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ နိုင်ငံရေး အကျဉ်းသား ၂ထောင်အနက် ၂ရာလောက်ကိုပဲ လွှတ်ပေးခဲ့ပြီး ကချင် ဒေသဖက်မှာ အစိုးရ ဖက်က ဓါတု အဆိပ်သုံး တိုက်ခိုက်နေတယ် ဆိုတဲ့ သတင်းမျိုး တွေလည်း ထွက်ပေါ်နေကြောင်း၊ ဒါတွေဟာ စစ်ရာဇဝတ် ကျူးလွန်တာ ဖြစ်ပြီး ဒီလုပ်ရပ် တွေ ရပ်ဆိုင်းအောင် သမ္မတ ဦးသိန်းစိန် လုပ်နိုင်မလား၊ KNU က တောင်းဆိုထားတဲ့ ကြိုတင် သတ်မှတ်ချက်တွေကို လိုက်နာ ဆောင်ရွက်ပေးမလားဆိုတာကို စောင့်ကြည့်ပြီးမှ နောက်တဆင့် ထပ်ဆွေးနွေးမယ်လို့ ဦးဒေးဗစ် တာကပေါ က ပြောပါတယ်။
တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးမျိုး လိုချင်ရင် ပဏာမ အဆင့်အနေနဲ့ တဖွဲ့ချင်း ဆွေးနွေးပြီး တကယ်တမ်း အဆင့်မြင့် ဆွေးနွေးတဲ့အခါ တိုင်းရင်းသား မဟာမိတ် အဖွဲ့နဲ့ ဆွေးနွေးမယ် ဆိုတဲ့ မူကို KNU က ချထားတယ်လို့ KNU ဒုတိယ ဥက္ကဌ ဦးဒေးဗစ် တာကပေါ က ဘီဘီစီ ကို ပြောပါတယ်။ 

                                                                    ပန်းတိုင်

No comments:

Post a Comment