၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Wednesday, November 2, 2011

အစိုးရနဲ့ ဆွေးနွေးဖို့ ဒီကေဘီအေ အဖွဲ့ ဖားအံကိုသွား


မြန်မာ အစိုးရနဲ့ ဒီကေဘီအေ တို့ ဒုတိယ အကြိမ် တွေ့ဆုံဖို့ အတွက် ဒီကေဘီအေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးနဲ့ အဖွဲ့ဟာ အောက်တိုဘာ (၃၁)ရက် နေ့က ဖားအံမြို့ကို ထွက်ခွာ သွားတယ်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလာဖွယ်က ပြောပါတယ်။

အစိုးရနဲ့ ဒီကေဘီအေ နှစ်ကြိမ်မြောက် ဆွေးနွေး
ဒုတိယ အကြိမ် ဆွေးနွေးပွဲကို ဖားအံမြို့မှာ မကြာခင် ရက်ပိုင်းအတွင်း ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲကို ဒီကေဘီအေ ဘက်က ကိုယ်စားလှယ် ၇ ယောက် စေလွှတ်ခဲ့ ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့က လုပ်ခဲ့တဲ့ ပဏာမ ဆွေးနွေးပွဲတုန်း ကတော့ ဒီကေဘီအေ ဘက် က သုံးယောက်ပဲ တက်တဲ့ အတွက် နည်းတယ် ဆိုပြီး အစိုးရ ဘက်က တောင်းဆိုခဲ့လို့ ဒီတခေါက် ၇ ယောက် အထိ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
အဓိက အားဖြင့် အပစ် အခတ် ရပ်စဲရေး အတွက် တပ် နေရာချထားရေးနဲ့ ဆက်ဆံရေးရုံး ထားရှိရေးတို့ ဖြစ်တယ်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလာဖွယ်က ပြော ပါတယ်။
ဆက်ဆံရေးရုံး တွေကို ကော့ကရိတ်၊ ဖားအံ၊ နေပြည်တော်မှာထားဖို့ ရှိတယ်လို့ ဆိုပါတယ်။
တပ်နေရာ ချထားရေး နဲ့ ပတ်သက်ပြီး အရှေ့ တောင်တိုင်း တိုင်းမှူးရဲ့ ကြိုတင်စာ ထဲမှာ ဒီကေဘီအေ တပ်တွေကို မြဝတီမြို့ တောင်ဘက် ခြမ်းက ဆုံစည်းမြိုင် တဝိုက်မှာ အခြေချ သင့်တယ်လို့ စာရေး ထားတဲ့အကြောင်း ဒီကေဘီအေ တပ်မှူး တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ဗိုလ်မှူးချုပ် စောလာဖွယ်တို့ ကတော့ တပ်နေရာ ချထားရေးကို ကရင်ပြည်နယ် ဘုရား သုံးဆူ နယ်စပ်မြို့ ကနေ ဒေါန အရှေ့ခြမ်း အပါအဝင် ပေါ့လေ ဖာပွန် နယ်အထိ ဒီကေဘီအေ တပ်တွေ ရှိတဲ့နေရာတိုင်းကို တောင်းဆိုထား ပါတယ်။
နိုင်ငံရေး ကိစ္စကိုတော့ နောက်အဆင့်မှ ဆွေးနွေး ကြမယ်လို့ သိရ ပါတယ်။


 
                                                                     ပန်းတိုင်

No comments:

Post a Comment